Announcement

ကျွန်တော်တို့ DCT Delivery Service မှ မတ်လအတွင်း တာမွေရုံးခန်း တိုးချဲ့ပြောင်းလဲဖွင့်လှစ်ခြင်းနှင့် Delivery လုပ်ငန်းလည်ပတ်ပုံအား Software System ဖြင့်ပြောင်းလဲလည်ပတ်ခြင်းတို့ကို ပြုပြင်ပြောင်းလဲလုပ်ကိုင်လျက်ရှိပါသည်။ ထိုသို့ပြောင်းလဲလုပ်ကိုင်ခြင်းများကြောင့် လက်ရှိလက်တွဲလုပ်ကိုင်လျက်ရှိသော Customers များ၊ Online Shopping များနှင့် ၀ယ်ယူသူများအတွက် အဆင်မပြေမှုတချို့ကြုံတွေ့လျက်ရှိသည့်အတွက် အနူးအညွှတ်တောင်းပန်အပ်ပါသည်။

အသစ်တိုးချဲ့ဖွင့်လှစ်သော DCT တာမွေရုံးခွဲသည် DCT Head Office အဖြစ် လည်ပတ်မည်ဖြစ်ပြီး ရုံးခွဲများနှင့်ချိတ်ဆက်ကာ ပိုမိုကောင်းမွန်သော ၀န်ဆောင်မှုပေးနိုင်အောင်လုပ်ဆောင်သွားမည်ဖြစ်သည်။

DCT Delivery Service ၏ Delivery Management Platform ဖြစ်သည့် Software System ကို ယခုမတ်လမကုန်ဆုံးမီ ဘက်စုံကောင်းမွန်အောင်ပြင်ဆင်ပြီးမည်ဖြစ်သည်။ စမ်းသပ်ဆဲကာလဖြစ်သည့် လက်ရှိတွင်ဖြစ်ပေါ်နေသော အဆင်မပြေမှုများကို အချိန်နှင့်တပြေးညီ ပြင်ဆင်လျက်ရှိပါသည်။

DCT အား လက်ရှိအချိန်အထိ အတူလက်တွဲလုပ်ကိုင်နေကြသော ဖောက်သည် Online Shopping များအားလုံးကို အထူးကျေးဇူးတင်ရှိကြောင်းနှင့် လတ်တလော အဆင်မပြေမှုများကို အမြန်ဆုံးပြုပြင်သွားမည်ဖြစ်ကြောင်းလေးစားစွာဖြင့် အကြောင်းကြားလိုက်ရပါသည်။

DCT Delivery Service မှလူကြီးမင်းတို့၏ ပြည်တွင်းမှစာနှင့်ပစ္စည်းထုပ်များကိုပို့ဆောင်ရာတွင် မြန်ဆန်တိကျစွာဖြင့် ရန်ကုန်မြို့အတွင်း အိမ်တိုင်ရာရောက် (Door to Door) စနစ်ဖြင့်ပို့ဆောင်ပေးလျက်ရှိပါသည်။
သွက်လက်ရည်မွန်သော၊ ယုံကြည်စိတ်ချရသော ၀န်ထမ်းများဖြင့် အကောင်းဆုံးနှင့်အဆင်ပြေဆုံးသော ၀န်ဆောင်မှုများကို ပေးစွမ်းလျက်ရှိပါသည်။
DCT Delivery Service မှ အောက်ပါဝန်ဆောင်မှုများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။
-Online Shopping (E-commerce) မှဝယ်ယူသော ပစ္စည်းများကို လာယူပို့ဆောင်ပေးခြင်းများ။
-အကြောင်းကြောင်းစာများ၊ဖိတ်စာများ အစရှိသောစာစောင်အရေအတွက်များကို ရန်ကုန်မြို့တွင်းလိပ်စာများသို့ပေးပို့လိုပါက အထူးနှုန်းဖြင့်ဆောင်ရွက်ပေးခြင်း။
-ပို့ဆောင်လိုသောပစ္စည်းများကို အခမဲ့လာရောက်သိမ်းဆည်းပေးခြင်း။
-ရေရှည်လက်တွဲလုပ်ကိုင်နေသော Online Shopping များအတွက် Cash Upon Collection ငွေကြိုခြင်းပေးခြင်းများကိုပြုလုပ်ပေးလျက် ရှိပါသည်။
အသေးစိတ်ဆက်သွယ်စုံစမ်းချင်သူများအနေဖြင့်-
တိုက်အမှတ် (၇၁)၊ ပထမထပ်၊၀ါးတန်းလမ်း (အောက်ဘလောက်)၊လမ်းမတော်။
ဖုန်း - 09783644123၊ 09783688123

လူကြီးမင်းတို့၏ Customers များအတွက် ပစ္စည်းပို့ရုံတင်မဟုတ်ဘဲ တမူထူးခြားသောဝန်ဆောင်မှုအတွေ့အကြုံများကို ရရှိစေရန် DCT Home Delivery Service ဆီ ဆက်သွယ်လိုက်ပါ…။

Hot Line Number : 09-783644123 / 09-783688123