DCT Head Office

ကျွန်တော်တို့ DCT Delivery Service မှ မတ်လအတွင်း တာမွေရုံးခန်း တိုးချဲ့ပြောင်းလဲဖွင့်လှစ်ခြင်းနှင့် Delivery လုပ်ငန်းလည်ပတ်ပုံအား Software System ဖြင့်ပြောင်းလဲလည်ပတ်ခြင်းတို့ကို ပြုပြင်ပြောင်းလဲလုပ်ကိုင်လျက်ရှိပါသည်။ ထိုသို့ပြောင်းလဲလုပ်ကိုင်ခြင်းများကြောင့် လက်ရှိလက်တွဲလုပ်ကိုင်လျက်ရှိသော Customers များ၊ Online Shopping များနှင့် ၀ယ်ယူသူများအတွက် အဆင်မပြေမှုတချို့ကြုံတွေ့လျက်ရှိသည့်အတွက် အနူးအညွှတ်တောင်းပန်အပ်ပါသည်။

အသစ်တိုးချဲ့ဖွင့်လှစ်သော DCT တာမွေရုံးခွဲသည် DCT Head Office အဖြစ် လည်ပတ်မည်ဖြစ်ပြီး ရုံးခွဲများနှင့်ချိတ်ဆက်ကာ ပိုမိုကောင်းမွန်သော ၀န်ဆောင်မှုပေးနိုင်အောင်လုပ်ဆောင်သွားမည်ဖြစ်သည်။

DCT Delivery Service ၏ Delivery Management Platform ဖြစ်သည့် Software System ကို ယခုမတ်လမကုန်ဆုံးမီ ဘက်စုံကောင်းမွန်အောင်ပြင်ဆင်ပြီးမည်ဖြစ်သည်။ စမ်းသပ်ဆဲကာလဖြစ်သည့် လက်ရှိတွင်ဖြစ်ပေါ်နေသော အဆင်မပြေမှုများကို အချိန်နှင့်တပြေးညီ ပြင်ဆင်လျက်ရှိပါသည်။

DCT အား လက်ရှိအချိန်အထိ အတူလက်တွဲလုပ်ကိုင်နေကြသော ဖောက်သည် Online Shopping များအားလုံးကို အထူးကျေးဇူးတင်ရှိကြောင်းနှင့် လတ်တလော အဆင်မပြေမှုများကို အမြန်ဆုံးပြုပြင်သွားမည်ဖြစ်ကြောင်းလေးစားစွာဖြင့် အကြောင်းကြားလိုက်ရပါသည်။

Myanmar